Last updated in Jun 2024
ဤကိုယ်ရေးအချက်အလက်ထိန်းသိမ်းမှုမူဝါဒ (Privacy Policy) တွင် မိတ်ဆွေ၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့က မည်သို့ကောက်ယူအသုံးပြုမည် နှင့် ကောက်ယူပြီးသော ကိုယ်ရေးအချက်များ လုံခြုံစေရန်အတွက် ကျွန်ုပ်တို့ဘက်မှ လုပ်ဆောင်သွားသည့် အဆင့်များကို ရှင်းပြထားပါသည်။
ကျွန်ုပ်တို့ ဝက်ဘ်ဆိုဒ်များ https://www.sai.consulting၊ https://www.loyal-mandalay.com၊ https://digitalsai.link နှင့် https://digitalsai.stream၊ ကျွန်ုပ်တို့ လူမှုကွန်ရက်စာမျက်နှာများဖြစ်သော Facebook Pages www.facebook.com/digital.sai.mdy၊ www.facebook.com/digital.sai.academy နှင့် www.facebook.com/loyal.mandalay၊ Instagram Business Profile www.instagram.com/digital.sai.mandalay၊ Linkedin Company Page www.linkedin.com/company/loyal-mandalay နှင့် YouTube Channel www.youtube.com/digitalsai တို့တွင် လာရောက်ကြည့်ရှုခြင်း သို့မဟုတ် အဆိုပါ လူမှုကွန်ရက်မျက်နှာများနှင့် သက်ဆိုင်သော ကြော်ငြာများကို ဝင်ရောက်ကြည့်ရှုခြင်း သို့မဟုတ် Messenger Bot၊ Instagram Bot၊ WhatsApp Bot၊ Google Chatbot (Business Messages)၊ Telegram Bot၊ SMS Bot၊ Email Autoresponder၊ Webchat၊ Digital Sai Academy နှင့် စကားစမြည်ပြောဆိုခြင်း သို့မဟုတ် ကိုယ်ရေးအချက်အလက်များ စာရင်းပေးသွင်းခြင်း သို့မဟုတ် ကျွန်ုပ်တို့ဖော်ပြထားသော website စာမျက်နှာများသို့ ဝင်ရောက်ကြည့်ရှုခြင်းအားဖြင့် ဤမူဝါဒတွင် ဖော်ပြထားသော လုပ်ထုံးလုပ်နည်းများကို မိတ်ဆွေအနေနှင့် လက်ခံရမည် ဖြစ်ပါသည်။
မိတ်ဆွေ၏ အချက်အလက်များ ကာကွယ်ပေးမှုမှာ ကျွန်တော်တို့အပေါ် ယုံကြည်မှုအတွက် အရေးပါသော အရာတစ်ခုဖြစ်ပြီး မိတ်ဆွေ၏ ကိုယ်ရေးအချက်အလက်လုံခြုံမှုမှာ ကျွန်ုပ်တို့အတွက် အရေးကြီးပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့အနေဖြင့် မိတ်ဆွေ၏ အမည်နှင့် မိတ်ဆွေနှင့် သက်ဆိုင်သော ကိုယ်ရေးအချက်အလက်များ (phone number, email address, social profile) ကို ဤကိုယ်ရေးအချက်အလက် ထိန်းသိမ်းမှုမူဝါဒတွင် ဖော်ပြထားသော ပုံစံဖြင့်သာ အသုံးပြုမည်ဖြစ်ပါသည်။
ကျွန်ုပ်တို့ ကောက်ယူသော အချက်အလက်များ
မိတ်ဆွေက သဘောတူခွင့်ပြုမှသာ မိတ်ဆွေ၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ ရယူနိုင်မှာဖြစ်ပါသည်။ သင်တန်း (training class)၊ အလုပ်ရုံဆွေးနွေးပွဲ (workshop)၊ အင်တာနက်ဟောပြောပွဲ (webinar)၊ လုပ်ငန်းအတွက်သီးသန့်အကြံပေးခြင်း (consultation session) တို့ တက်ရောက်ရန် စာရင်းပေးသွင်းခြင်း၊ Loyal Mandalay ၏ ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲခြင်း ပြုလုပ်မှသာ မိတ်ဆွေ၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့က ကောက်ယူနိုင်ပါသည်။
ကောက်ယူသော အချက်အလက်များ အသုံးပြုခြင်း
ကျွန်ုပ်တို့ ဝက်ဘ်ဆိုဒ် နှင့် လူမှုကွန်ရက်ကို လာရောက်ကြည့်ရှုသူများ၏ အသက်အပိုင်းအခြားအလိုက် သုတေသနပြုလုပ်ရန်၊ မိတ်ဆွေအတွက် အသုံးဝင်နိုင်သည်ဟု ထင်သော အချက်အလက်များကို ကြော်ငြာများ၊ အလိုအလျောက်မက်ဆေ့များ၊ အလိုအလျောက်အီးမေးလ်များ မှတစ်ဆင့်ပေးပို့ရန် သို့မဟုတ် မိတ်ဆွေ တောင်းဆိုသောအချက်အလက်များကို ပေးပို့ရန်အတွက် အသုံးပြုမည် ဖြစ်ပါသည်။
အချက်အလက်များပေးပို့ရန်ဆိုရာတွင် ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုနှင့် ပတ်သက်သော အချက်အလက်များပါဝင်ပါသည်။ မိတ်ဆွေက အဆိုပါအချက်အလက်များ မရယူလိုတော့ပါက ငြင်းပယ်ခြင်းကို အချိန်မရွေးပြုလုပ်ရန် အခွင့်အရေးပေးထားပါသည်။
ကောက်ယူသော အချက်အလက်များကို တာဝန်ခံခြင်း
ဥပဒေအရ အသုံးပြုရန် လိုအပ်ခြင်းမရှိလျှင် မိတ်ဆွေထံမှ တင်ကြို ခွင့်ပြုချက်မတောင်းခံဘဲ တခြားမသက်ဆိုင်သူများထံ မိတ်ဆွေ၏ ကိုယ်ရေးအချက်အလက်များကို ရောင်းချခြင်း သို့မဟုတ် မိတ်ဆွေပိုင်ဆိုင်သော လူမှုကွန်ရက်ဆိုင်ရာအချက်အလက်များ (social media profile, social media pages, social media channels, digital assets) နှင့် ဘဏ်နှင့်သက်ဆိုင်သောအချက်လက်များကို မသမာသောနည်းလမ်းဖြင့် ဖောက်ထွင်းရန်ကြိုးစားခြင်း သို့မဟုတ် အခြားသူများကို ပေးခြင်းပြုလုပ်မည် မဟုတ်ပါ။
သို့သော် ကျွန်ုပ်တို့အသုံးပြုသော ပြည်ပရှိ သက်ဆိုင်ရာ ဈေးကွက်သုတေသနကုမ္ပဏီများထံသို့ မိတ်ဆွေ၏ သတင်းအချက်လက်များကို ပေးပို့ရသည့် အနေအထားရှိပါသည်။ နိုင်ငံတကာ ကိုယ်ရေးအချက်အလက်ဆိုင်ရာလုံခြုံမှု General Data Protection Regulation (GDPR Compliance) ကို ၎င်းကုမ္ပဏီများကသာလျှင် အပြည့်အဝတာဝန်ယူမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ Privacy Policy နှင့်အညီ မိတ်ဆွေ၏ အချက်အလက်များကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားမည်ဖြစ်ပါ၍ ကျွန်ုပ်တို့ ပေးပို့လိုက်သော ဈေးကွက်သုတေသနကုမ္ပဏီများအတွက် ကျွန်ုပ်တို့တွင် တာဝန်မရှိကြောင်း သတိပြုစေလိုပါသည်။
ကောက်ယူသော အချက်အလက်များကို ထိန်းသိမ်းခြင်း
မိတ်ဆွေ၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့အတွက် အချက်အလက် ကောက်ယူရခြင်း ရည်ရွယ်ချက်နှင့် သက်ဆိုင်နေသော အချိန်အထိသာ ထိန်းသိမ်းထားမည် ဖြစ်ပါသည်။
မိတ်ဆွေ၏ အခွင့်အရေးများ
မိတ်ဆွေ၏ အချက်အလက်များအတွက် စိုးရိမ်ပူပန်လျှင် မိတ်ဆွေနှင့် ပတ်သက်ပြီး ကျွန်ုပ်တို့ ထိန်းသိမ်းထားနိုင်သော သို့မဟုတ် စီမံဆောင်ရွက်နိုင်သော ကိုယ်ရေးအချက်အလက်များကို တောင်းဆိုခွင့် မိတ်ဆွေတွင် ရှိပါသည်။ မိတ်ဆွေ၏ အချက်အလက်များနှင့် ပတ်သက်ပြီး မည်သည့်အချိန်တွင်မဆို မိတ်ဆွေ၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့၏ ဈေးကွက်ချဲ့ထွင်မှု ရည်ရွယ်ချက်များဖြင့် အသုံးပြုခြင်းကို ရပ်တန့်ရန် ကျွန်ုပ်တို့ကို တောင်းဆိုခွင့်လည်း မိတ်ဆွေတွင် ရှိပါသည်။
Data Deletion Requests (New Updated in Jun 2024)
We respect your privacy and are committed to safeguarding your personal information. If you have used Facebook login to access our website and wish to have your data deleted from our system, you can request deletion by following the steps outlined below:
1. Send a Deletion Request: You can initiate the data deletion process by sending an email to support@sai.consulting, with the subject line "Data Deletion Request for Digital Sai Academy Account." Please ensure that you send the email from the same email address associated with your Facebook account for verification purposes.
2. Verification: Upon receiving your deletion request, we may need to verify your identity to ensure the security of your personal information. This verification process may involve requesting additional information from you to confirm your identity.
3. Processing Time: Once your identity is verified, we will begin processing your data deletion request. Please note that it may take up to one week for your data to be completely removed from our system. During this time, your data will be securely stored and will not be accessed for any purpose other than processing your deletion request.
4. Confirmation: Once your data has been successfully deleted from our system, we will send you a confirmation email to notify you that the process is complete. Please keep in mind that while we will delete your data from our system, we may not be able to remove it entirely from any backups or archives that we maintain.
Note: Please be aware that certain data, such as records of transactions or interactions, may be retained for legal or regulatory compliance purposes, even after your data is deleted from our active systems.
If you have any questions or concerns regarding the deletion of your data, or if you require assistance with initiating a deletion request, please do not hesitate to contact us at support@sai.consulting. We are here to help and ensure that your privacy rights are respected.